19 July 2009

၆၂ နှစ်မြောက် အာဇာနည်နေ့

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို လေးစားဂုဏ်ပြုအပ်ပါသည်။

မနေ့က အာဇာနည်နေ့နှင့် ပက်သက်တဲ့ ဆောင်းပါးအချို့ကို ဖတ်ဖြစ်တယ်။ တစ်ချို့ရေးထားတဲ့အချက်အလက်တွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဥပမာ ... ဒီခေတ်ကလေးတွေအတွက် အာဇာနည်နေ့ဆိုတာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆိုတဲ့ သဘောလောက်ပဲ သိကြတော့တယ်။ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ လေးနက်တဲ့အဓိပ္ပာယ်ကို သေချာမသိကြတော့ဘူး။ နောင်လာမည့် မျိုးဆက်သစ်တွေအတွက် အဲလို အသက်သွေးချွေးတွေ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို မေ့မေ့လျော့လျော့ဖြစ်ကုန်ကြပြီ။ နောင်ဆို လုံးဝ မေ့သွားမလားပဲဗျာ။ အဲဒီတော့ လက်လှမ်းမှီသလောက် မျိုးဆက်သစ်တွေကို ပြောပြ၊ ရှင်းပြသင့်တယ်။ ယခုလို အိုင်တီခေတ်ကြီးမှာဆိုရင်လည်း အင်တာနက် ဘလော့စာမျက်နှာများမှ အာဇာနည်နေ့ရဲ့ လေးနက်တဲ့ အဓိပ္ပယ်ကို တစ်ဆင့်ပြန်လည် ရှင်းပြ၊ ပြောပြ၊ မျှဝေသင့်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ ဧရာဝတီမဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှ အာဇာနည်နေ့နှင့်ပက်သက်တဲ့ စာအချို့ကို မျှဝေလိုက်ရပါတယ်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ၉ ဦးတို့သည် ဂဋ္ဌုန်ဦးစော၏ လုပ်ကြံခံခဲ့ရရာမှ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေ့ တွင် ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်း ပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေး တို့ ဖြစ်သည်။

ယခင်က အာဇာနည်များကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ် ရောက်တိုင်း ၁ မိနစ် ငြိမ်သက်ခြင်း၊ ရေဒီယို၊ အစိုးရစက်ရုံများနှင့် တခြား ဌာနများမှ ဥသြဆွဲခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၎င်း အလေ့အထများကို ပြုလုပ်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံ အနေနှင့် အာဇာနည်နေ့တွင် ဆွမ်းမကျွေးရခြင်း၊ ဟောပြောပွဲများ မပြုလုပ်ရခြင်းနှင့် အခမ်းအနားများ မလုပ်ရ ခြင်းတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများကို ပျောက်ကွယ်မေ့ပျောက်စေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စော်ကားရာရောက်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။
ဘယ်လောက်တောင် ၀မ်းနည်းဖို့ကောင်းလဲဗျာ ... လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်တွေရအောင် ဒီလူတွေက အသက်သွေးချွေးတွေ ပေးပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ ခုကြတော့ ကိုယ့်ကျေးဇူးရှင်တွေကို မျက်ကွယ်ပြုထားကြတယ်။ ခွေးတောင်မှ ထမင်းကျွေးတဲ့လက်ကို ပြန်မကိုက်ဘူး။

အရင်တုန်းက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေထည့်သွင်းခဲ့ကြတယ်။ ယခုနောက်ပိုင်းမှာတော့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မျက်ကွယ်ပြုပြီး ခြင်္သေ့ပုံတွေ ထည့်သွင်းထားကြတယ်။

ဒါကလည်း ရှင်းပါတယ် ... ဗိုလ်ချုပ်မရှိတော့တဲ့ နောက်ပိုင်းမှာ တိရိစ္ဆာန်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မို့လို့ တိရိစ္ဆာန်ပုံတွေကို ထည့်သွင်းထားတာပါပဲ။ ဒီ့ထက်ရှင်းတဲ့ ဥပမာပေးစရာတော့ မရှိတော့ဘူး။

Read more...

15 July 2009

Burma VJ

ဆရာတော် ဦးဥတ္တရ ဦးဆောင်သော လန်ဒန်ရောက် ဆရာတော်များမှ Burma VJ ရုပ်ရှင်ဖွင့်ပွဲတွင် ပရိတ်ရွတ်ဖတ် ဆုတောင်းပေးခဲ့ကြပါတယ်။ ဆရာတော်တွေရဲ့ မေတ္တာတွေ မြန်မာပြည်ကြီးကိုလွှမ်းခြုံပြီး အေးချမ်းသာယာပါစေ။


Burma VJ DVD ကို ကိုရဲရင့်ငယ်ဘလော့မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

ဒီမှာရယူပါ

Burma VJ is a moving and shocking account of the popular protests that broke out across Rangoon in 2007.

It relies entirely on documentary footage shot by undercover reporters which has been pieced together to form a picture of the events that took place over a few months. It covers the initial protests, which broke out in response to a rise in fuel prices, to the brutal crackdown by the authorities in response.

By piecing together and editing hours of footage that was smuggled out of the country, director Anders Ostergaard creates a compelling narrative and useful reference to the events that took place in the normally secretive and reclusive country.

As well as vividly seeing what happened on the streets, we are also brought close to Burma's video-journalists who, at great risk to themselves, shoot and smuggle the footage out to maintain a constant flow of news from the country, in a bid to bring about change.

Burma VJ is particularly good at juxtaposing the initial feeling of hope that surrounded the protest marches with the subsequent crackdown. The images that were beamed worldwide of monks processing through the streets, applauded by people from the rooftops, are soon replaced by truckloads of soldiers firing tear gas into the crowds to disperse them. We are also given a sense of the number of protestors and journalists that were arrested and who disappeared.

The film is a rare and moving insight into a country and regime that still remains largely shut off from the rest of the world. - WILLIAM LEE

Read more...

13 July 2009

Please help us to build our new home!


နာဂစ်ဒုက္ခသည် ကလေးငယ် ၇၀ အတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကုသိုလ်ယူ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ ဖောင်တော်ဦးဆရာတော်၊ မရည်မွန်နှင့် စေတနာရှင်များ၏ လုပ်အားဒါန၊ ကုသိုလ်ဒါနတို့ကိုလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ခင်ဗျာ။

Read more...

08 July 2009

ဂုဏ်ယူပါသည် Yadanarbon FC

အခုရက်ပိုင်း အောင်ပွဲရ Yadanarbon FC အသင်းနှင့် ပက်သက်တဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ တွေ့နေရသဖြင့် မန္တလေးသားတစ်ယောက်အနေဖြင့် ဂုဏ်ယူဝမ်းသာမိပါတယ်။ ရန်ကုန်ကနေ အောင်ပွဲခံပြီး ပြန်လာတဲ့ အသင်းဟာ မန္တလေးကို အခုချိန်မှာ ရောက်ရှိနေလောက်ပါပြီ။ မန္တလေးမြို့တစ်မြို့လုံးလည်း အောင်ပွဲခံအသင်းကိုကြိုဆိုဖို့ရာ အသင်းရဲ့ အင်္ကျီဖြစ်တဲ့အပြာရောင်တွေဝတ်ဆင်ထားကြတယ်လို့ သိရပါတယ်။ အသင်းအတွက် Website ရေးဆွဲပေးထားတဲ့ ချမ်းမင်းမောင်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီပို့စ်နှင့်အတူ Yadanarbon FC အသင်း အဓွန့်ရှည်တိုးတက်ဖို့နှင့် အနာဂတ်မှာ အောင်ပွဲများစွာ ရယူပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

Read more...

07 July 2009

7 July မမေ့နိုင်

ယနေ့သည် (၇) ဇူလိုင် ကျောင်းသားအရေးတော်ပုံကြီးသည် ၄၇ နှစ်မြောက်သောနေ့ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်နေ၀င်း စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအရေးအတော်ပုံကြီးဖြစ်သည်။ စစ်အုပ်စုမှ တက္ကသိုလ်ကျောင်းသားများသမ္မဂ အဆောက်အဦးအား ရက်ရက်စက်စက် မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျောင်းသား ရာနှင့်ချီကာ သတ်ဖြစ်ခဲ့သည် အရေးအခင်းကြီးလည်းဖြစ်သည်။ ထို့ကြောင့် ယခုလို သမိုင်းဝင်နေ့မျိုးကို ယနေ့လူငယ်တွေရော၊ အနာဂါတ်လူငယ်များပါ သိရှိထားသင့်တယ်လို့ ထင်ပါတယ်။ ထို့ကြောင့် ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံအကြောင်း ရေးသားထားသော ပို့စ်တစ်ခုကို မျှဝေလိုက်ရပါတယ်။
.......................
...................................
..........................................

အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာ ရေဒီယို ကနေ အသံလွှင်တဲ့ အခါ အာဏာရူး နေဝင်းဟာ

“ကျနော် တိုင်းပြည် တာဝန် ယူသည့် အချိန်မှာ တက္ကသိုလ် ကျောင်းသား များရဲ့ စည်းမဲ့ ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက် နေလို့ တပ်မတော်ရဲ့ အင်အား တစိတ် တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ …

“အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသား ကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့် ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စား မိပါတယ်။ ကျနော် တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေ ကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြော လိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားနဲ့ ပြည်သူ တရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ ပြန်တော့တယ်။

နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန် ရာမှာလည်း ကျောင်းသား (၁၇) ဦးသာ သေဆုံးကြောင်း ကြေညာ ခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ (၁၇) ဦး သေဆုံး ခဲ့တယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ “၇ – ၇ – ၆၂ မမေ့ကြနဲ့” လို့ ရေးသွား ခဲ့တယ်။

...................................
...............................................
..................................................................

Read more...

About

My Photo
CMS
Middlesex, United Kingdom
ကွန်ပျူတာ နှင့် အင်တာနက်ကို အရူးမူး ခုံမင်မက်မောသော၊ အပေါင်းအသင်း များသော၊ စွဲလမ်းမှုကြီးသော၊ မန္တလေးကို ချစ်ခင်မြတ်နိုးသော မန္တလေးသားတစ်ယောက်
View my complete profile
အချိန်ပေးပြီး လာရောက်ဖတ်ရှူ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်ချက်၊ အကြံပေးချက်များရှိခဲ့လျင် Message Wall တွင် မှာကြားထားခဲ့နိုင်ပါသည်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP